Cherreads

Chapter 2 - အပိုင်း(၂) ထွင်းဖောက်အမြင်

2

အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးနောက်တွင်မှ ရှလေသည် သူ၏သိလိုစိတ်များကို မြိုသိပ်လိုက်သည်။ မျက်လုံးပေါ်က အဖြူရောင်လိမ်း‌ဆေးဆီများကို မဖယ်ရှားတော့ပဲ ပတ်တီးကို ပြန်၍ စည်းနှောင်ထားလိုက်သည်။

ပြီးနောက် အိပ်ရာဆီသို့ ပြန်လာခဲ့လိုက်သည်။ ညသန်းခေါင်ကျော်သည်အထိ တွေးတောစဉ်းစားနေပြီးနောက်တွင်မှ သူ အိပ်ပျော်သွားခဲ့သည်။

ပြန်နိုးလာသောအခါ နံနက်ရှစ်နာရီကျော်လွန်သွားပြီ ဖြစ်သည်။ သူ၏ဘယ်ဘက်မျက်လုံး၌ မည်သည့်နာကျင်ကျင်မှု၊ ယားယံမှုမှ မရှိတော့သည်ကို သူ ခံစားမိလိုက်သည်။ သန့်စင်ခန်းထဲသို့ဝင်သွားလိုက်ပြီး မှန်ရှေ့တွင်ရပ်ကာ မျက်လုံးပေါ်က ပတ်တီးများကို ဖြေလိုက်သည်။

အဖြူရောင်လိမ်းဆေးများသည် မနေ့ညကလောက် မထူတော့ပဲ ပါးလွှာနေပြီး ဘယ်ဘက်မျက်လုံးသည် မနေ့ညကထက်ပင် ပို၍ထင်ရှားသော အလင်းရောင်ကို မြင်နေရဟု သူ ခံစား နေမိသည်။

"ဘာဖြစ်တာလဲ...ငါ့ရဲ့ ဘယ်ဘက်မျက်လုံးက ကောင်းသွားပြီလား"

ထိုအတွေးသည် ရှလေကို အလွန် စိတ်လှုပ်ရှားသွားစေသည်။ သူသည် သိချင်လိုစိတ်များကို မထိန်းချုပ်နိုင်‌တော့ပဲ ပတ်တီးများကို အသုံးပြု၍ ဘယ်ဘက်မျက်လုံး‌ပေါ်က အဖြူရောင်လိမ်း‌ဆေးများကို ဂရုတစိုက်ဖြင့် ဖယ်ရှားလိုက်သည်။

ပတ်တီးစနှင့် ထိတွေ့မှုသည် သူ၏ ဘယ်ဘက်မျက်လုံးကို အလွန်းစူးရှ နာကျင်စေသော်ငြားလည်း အောင့်အီးကာ သည်းခံလိုက်သည်။

အဖြူရာင်အငွေ့ရည်များ ဖယ်ရှားပြီးသွားသောအခါ အလင်း‌ရောင်သည် သူ၏ ဘယ်ဘက်မျက်လုံးထဲ တိုးဝင်လာသည်။ ရှလေသည် သူ၏ ဘယ်ဘက်မျက်လုံးကို မှန်ထဲတွင်ရှင်းလင်းစွာမြင်နေရသည်။ မတော်တဆမှု မဖြစ်ခင်ကလိုပင် သူ့ဘယ်ဘက်မျက်လုံးသည် ကောင်းမွန်စွာနှင့် အနက်ရောင်တောက်‌တောက်ပင်ဖြစ်နေပြီး မည်သည့်ဒဏ်ရာကိုမျှ မတွေ့ရပေ။ သူ၏ မျက်လုံးအိမ် ပတ်ပတ်လည်တစ်ခုတည်းတွင်သာ မီးလောင်ထားသည့်ဒဏ်ရာ အနည်းငယ်ရှိသည်။

ရှလေသည် ခဏကြက်သေသေသွားပြီးနောက် ရုတ်တရက် သူ၏လက်သီးကို တင်းတင်းဆုပ်ကာ စိတ်လှုပ်ရှားစွာဖြင့်

"ငါ့ မျက်လုံး မကန်းဘူး...ငါက တစ်ဖက်ကန်းမဟုတ်ဘူး။.ဟား ဟား ဟား၊ ငါ့မျက်လုံး မကန်းဘူး"

ထိုအချိန်တွင် တာဝန်ကျ ဆရာဝန်သည် သူနာပြုတစ်ဦးနှင့်အတူ လူနာဆောင်သို့ လျှောက်လှမ်းလာခဲ့ရာ သန့်စင်ခန်းထဲ၌ ပျော်ရွှင်စွာ ကခုန်နေသည့် ရှလေကို တွေ့မြင်သွားသည်။

"ရှင် ဘာလို့ ပတ်တီးကို ဖြေလိုက်တာလဲ"

သူနာပြုသည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။

"ရှင် ရူးနေတာလား၊ ရှင့်ရဲ့ မျက်လုံးကို ထာဝရကန်းသွားစေချင်နေတာလား"

ရှလေသည် သူနာပြုပြောသည့် စကားကို ကြားဟန်မတူပါ။

"‌ ဟေ့ ဒီမှာ၊ မင်း ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း မလိုက်နာရင် ငါတို့က မင်းကို ဆက်ပြီး ဂရုမစိုက်ပေးနိုင်ဘူး"

တာဝန်ကျ ဆရာဝန်ကလည်း ခက်ထန်စွာဖြင့်ပြောသည်။

"မင်း ငါပြောတာကို ကြားလား"

"ထားလိုက်ပါ၊ သူ့မျက်လုံးက လုံးဝပျောက်ကင်းဖို့ဆိုရင် အနည်းဆုံး‌ ယွမ်နှစ်သိန်းလောက် လိုတယ်။ သူ့လို လူတစ်ယောက်က အဲ့လောက်ကို တတ်နိုင်မယ်လို့ ဒေါက်တာထင်လား"

သူနာပြုသည် လှောင်ပြောပြောလိုက်သည်။

ရှလေသည် စိတ်နှင့်လူနှင့် ပြန်ကပ်လာပြီး နောက်သို့ လှည့်ကြည့်လိုက်သည်။ ထိုအချိန်တွင် သူ၏ ဘယ်ဘက်မျက်လုံးသည် အနည်းငယ် လှုပ်သွားပြီး သူနာပြု၏ တင်းပြောင်‌နေသောတင်ပါးကို မြင်တွေ့လိုက်ရသည်။ သူနာပြုသည် အဝတ်အစား မပါသည့်အလားပင်။ သူသည် မျက်လုံးကို မှိတ်လိုက်ပြီးနောက် နောက်တစ်ကြိမ်ကြည့်ရန် ကြိုးစားလိုက်သောအခါမှ ထိုမြင်ကွင်းမှာ ပျောက်ကွယ်သွားပြီး သူမ၏ စကတ်ဖြင့် ဖုံးအုပ်ထားသည့် တင်ပါးကိုသာ တွေ့မြင်လိုက်ရသည်။။ သူမ၏ တင်ပါးသည် ကိတ်သည်ဟုဆိုနိုင်သော်လည်း သူ မြင်ဖူးသည့် ဗလာကျင်းဖြစ်နေသော တင်ပါးနှင့်တော့ လုံးဝကွဲပြားခြားနားပေသည်။

"ဒါက၊.ဒါ အမြင်အာရုံချောက်ချားနေတာ ဖြစ်မယ်။.ငါ ဘာလို့ မဟုတ်တာတွေ လျှောက်မြင်နေတာလဲ."

ရှလေ တုန်လှုပ်နေသလို တစ်ခုခုကို တိတိကျကျ သိလိုစိတ်လည်း ပြင်းပြနေသည်။

"ဟေ့၊.ကျွန်မ ရှင့်ကို ပြောနေတယ်လေ၊ ရှင် ဘာဖြစ်နေတာလဲ"

သူနာပြုသည် စိတ်မရှည် ဖြစ်လာသည်။

ထို့နောက် ဆရာဝန်သည် တစ်ခုခုကို သတိပြုမိသွားပြီး ရှလေကို လက်ညှိုးထိုးကာ အံ့ဩတုန်လှုပ်နေသည့်အသံဖြင့်

"မင်း၊ မင်းရဲ့ မျက်လုံး၊.မင်းရဲ့ မျက်လုံးက ဘယ်လိုဖြစ်တာလဲ"

သူနာပြုသည်လည်း ထူခြားမှုကို သတိပြုမိသွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

ရှလေက ပြုံးလိုက်ပြီး

"ကျွန်တော့် မျက်လုံးက အလိုလို ပြန်ကောင်းသွားပြီ၊ ကျွန်တော် ဆေးရုံခ သိပ်မတတ်နိုင်ဘူး၊ အဲ့ဒါကြောင့် ကျွန်တော် ဆေးရုံကနေ ဆင်းချင်တယ်"

ဆရာဝန်နှင့် သူနာပြုသည် ရှလေကို ထူးဆန်းသော သတ္တဝါတစ်ကောင်ကဲ့သို့ ကြည့်နေသည်။ အဓိက အံ့အားသင့်စရာအကောင်းဆုံးအရာမှာ ဤလူငယ်၏ မျက်လုံးကို ဤဆရာဝန်ကိုယ်တိုင် စစ်ဆေးကာ ကန်းသွားပြီဟု အတည်ပြုခဲ့ခြင်းဖြစ်သည်။ ပြန်လည် ကောင်းမွန်လာဖို့ အခွင့်အလမ်းအနည်းငယ်ရှိသည်ဟု သူ ပြောခဲ့ခြင်းမှာလည်း ဆေးကုသစရိတ်မှ ပိုက်ဆံများများခွာယူချင်၍ ဖြစ်သည်။ သို့သော် ထိုလူငယ်၏ မျက်လုံးသည် ယခု အကောင်းပကတိအတိုင်းဖြစ်နေသည်။

ထိုလူငယ်၏ အဖြစ်အပျက်ကို နတ်ဘုရားများကသာ ရှင်းပြနိုင်ပေလိမ့်မည်။ ဆရာဝန်နှင့် သူနာပြုတို့အနေဖြင့် လုံးဝ နားမလည်နိုင်ကြပေ။

တစ်နာရီကြာပြီးနောက် ရှလေ ဆေးရုံမှ ဆင်းလာခဲ့သည်။ သူသည် ချန်ချွမ်းဟူ ပေးခဲ့သည့် တစ်သောင်းထဲမှ တစ်ထောင်ကို ဆေးရုံခပေးလိုက်သောကြောင့် သူ့တွင် ယွမ်ကိုးထောင်သာ ကျန်ရှိတော့သည်။ ထိုပိုက်ဆံများကို သူ၏ မတော်တဆမှုအတွက် လျော်ကြေးအဖြစ် သတ်မှတ်လိုက်သည်။

အပြင်ဘက်မှ နေရောင်ခြည်‌သည် သူ၏ဘယ်ဘက်မျက်လုံးနှင့် သိပ်အ‌ဆင်မပြေသေးသောကြောင့် မာရှောင်အန်းဆီသွားမည့် သူ၏အစီအစဉ်အား ပယ်ဖျက်လိုက်ပြီး တက္ကစီငှား၍ အိမ်ပြန်လာခဲ့သည်။

သူ၏ မိဘများ သူ့ကို ချန်ထားပေးခဲ့သည့် အိမ်သည် ခုနှစ်ဆယ့်ငါးစတုရန်းမီတာသာရှိပြီး အခန်းငယ်သုံးခန်းနှင့် ဧည့်ခန်းတစ်ခန်းသာပါဝင်သည့် တိုက်ခန်းတစ်လုံးသာ ဖြစ်သည်။ သူ့ထံတွင် ဈေးကြီးသော အသုံးအဆောင် သို့မဟုတ် အီလက်ထရောနစ်ပစ္စည်းများ မရှိပါချေ။ တိုက်ခန်းထဲတွင်ရှိသည့် အရာအားလုံးသည် အနည်းဆုံး နှစ်အနည်းငယ် သို့မဟုတ် ဆယ်နှစ်ကျော်ထိ ကြာမြင့်ပြီဖြစ်သော ပစ္စည်းများသာ ဖြစ်သည်။ ဤအရာများသည် ဟောင်းနွမ်းနေသော်လည်း ၎င်းတို့သည် သူ၏ မိဘများအား သတိရစေကာ နှစ်သိမ့်မှု ပေးစွမ်းသည်။

"ဘာလို့ ဒီလိုဖြစ်သွားတာလဲ၊ ထူးဆန်းတဲ့ အိပ်မက်တွေ မက်နေရသလိုပဲ"

ရှလေသည် သူ၏ ထူးဆန်းသောအခြေအနေကို စဉ်းစား‌နေမိသည်။

သို့သော် ဘာအဖြေမျှ ရေရေရာရာ မထွက်လာခဲ့ပါ။

"လေ...နင် အိမ်မှာရှိလား"

အောက်ထပ်မှထွက်‌ပေါ်လာသည့် အမျိုးသမီးတစ်‌ ယောက်၏ အသံကိုကြားလိုက်ရသည်။

သူသည် အတွေးများကို ရှင်းထုတ်လိုက်သည်။ ရှလေသည် ကျယ်လောင်စွာ ပြန်ထူးလိုက်ပြီး ဝရံတာသို့ ထွက်လာလိုက်သည်။

ရဲမေတစ်ယောက်သည် သူ့ကို အောက်ထပ်မှ မော့ကြည့်နေသည်။ သူမတွင် လှပသောမျက်နှာနှင့် ဆွဲမက်ဖွယ်ခန္ဓာကိုယ်ရှိသည်။ ထိုအမျိုးသမီး၏ နာမည်မှာ ကျန့်လုရီဖြစ်ပြီး ရှလေ၏အောက်ထပ်တွင်နေသည့် ရဲအရာရှိတစ်ယောက်ဖြစ်သည်။ လုရီနှင့် လေတို့သည် ငယ်ငယ်ကတည်းက တူတူပုန်းတမ်းကစားလာသည့် အလွန်ရင်းနှီးကြသော ငယ်သူငယ်ချင်းများ ဖြစ်ကြသည်။

"အိုး...လုရီပဲ၊ ဘာကိစ္စရှိလို့လဲ"

ရှလေ ပြုံးပြရင်း ပြန်မေးလိုက်သည်။

"နင် ငါ့ကို ရေလှောင်ကန် လှယ်ပေးလို့ ရလား၊ ငါ့လက်က နာနေလို့ အဲ့ဒါကြောင့် မလှယ်နိုင်လို့"

ကျန့်လုရီ ပြောလိုက်သည်။

"လှယ်ပေးမှာပေါ့၊ ငါ အောက်ကို ဆင်းလာခဲ့မယ်"

ရှလေ ဝရံတာမှ ထွက်လာခဲ့သည်။

အောက်ထပ်သို့ရောက်သောအခါ ရှလေ၏ ဘယ်ဘက်မျက်လုံးသည် ရုတ်တရက် နေစူးသွားပြီး မျက်လုံးထဲကို အပ်ဖြင့် ထိုးစိုက်လိုက်သလို နာကျင်မှုအား ခံစားလိုက်ရသည်။ ထိုဆိုးရွားလှသော နာကျင်မှုကြောင့် သူ၏ ဘယ်ဘက်မျက်လုံးမှ အမြင်အာရုံသည် နက်မှောင်သွားပြီး ဘာကိုမျှ မမြင်နိုင်အောင် ဖြစ်သွားသည်။ နာကျင်မှု ပြန်လည်သက်သာသွားသည့်အချိန်တွင် သူ အံ့ဩထိတ်လန့်စရာတစ်ခုကို တွေ့လိုက်ရသည်။

သူနှင့် မနီးမဝေးတွင် ရှိနေသည့် ကျန့်လုရီကို သူ၏ နီးနီးလေး‌တွင် ရှိနေသလို ဘယ်ဘက်မျက်လုံးက မြင်တွေ့နေရသည်။ သူမ၏ ခန္ဓာကိုယ်မှ အဝတ်အစားများသည် တဖြည်းဖြည်းပါးလွှာလာသည်ဟု ထင်ရသည်။ ထို့နောက် မျက်တောင်တစ်ခတ်အတွင်းမှာပင် သူမ၏ အဝတ်အစားများ ပျောက်ကွယ်သွားပြီး ဝတ်လစ်စားလစ် ဖြစ်သွားသည်။

သေးသွယ်သော ခါး၊ အဆစ်အပေါက် ပြေပြစ်သော တင်ပါး၊ လုံးဝန်းသောရင်သားများနှင့် နှာခေါင်းသွေးယိုစရာပင်။ ရှလေသည် ဝတ်လစ်စားလစ်အမျိုးသမီးတစ်ယောက်ကို တစ်ခါမျှမတွေ့ဖူးသောကြောင့် နေရာတွင်ပင် တောင့်တင်းသွားပြီး သူ၏ ခန္ဓာကိုယ်မှ ယောက်ျားလေးတစ်ယောက်၏ သဘာဝအလျောက်တုံ့ပြန်မှု ဖြစ်လာခဲ့သည်။

ရှလေ ရုတ်တရက် ဆေးရုံတွင် မြင်တွေ့ခဲ့သည့် သူနာပြု၏ တင်ပါးကို သတိရသွားသည်။ ၎င်းသည် စိတ်ချောက်ချားမှုမဟုတ် -အစစ်အမှန်သာဖြစ်၏။

"ဘာ ဘာဖြစ်နေတာလဲ။ ကျန့်လုရီက အဝတ်အစားတွေ ဝတ်ထားတာပါ။ ဒါပေမဲ့ ငါ့ရဲ့ ဘယ်ဘက်မျက်လုံးက ဝတ်လစ်စားလစ်ကိုပဲ မြင်နေရတယ်။ ဒါက လျှပ်ကူးချောင်းကြောင့်လား။ ဒါဘာကြောင့် ဒီလို ဖြစ်နေတာလဲ"

ရှလေ မယုံနိုင်အောင် ဖြစ်နေသည်။

လျှပ်ကူးချောင်းနှင့် ထိခိုက်မိပြီးသည့်နောက် ဆရာဝန်သည် သူ့၏ မျက်လုံးကွယ်သွားပြီဟု ပြောဆိုခဲ့သည်။ သို့သော် သူ၏ မျက်လုံးသည် ကောင်းမွန်နေရုံသာမက အံ့ဩဖွယ်ကောင်းသော စွမ်းရည်ကိုလည်း ရရှိခဲ့သည်။ ကံကောင်းခြင်းနှင့် ကံဆိုးခြင်းတို့သည် အမြဲဒွန်တွဲနေပုံရသည်။ မနေ့က ကံဆိုးပြီး လျှပ်စစ်ဓာတ်ကူး‌ချောင်းနဲ့ ထိခိုက်ခဲ့သော်လည်း ဒီကနေ့တော့ သူ ကံကောင်းလာပုံရသည်။

"လေ၊ နင် အဆင်ပြေရဲ့လား "

ကျန့်လုရီသည် ယနေ့၌ ရှလေသည် ထူးဆန်းနေသည်ဟု ထင်နေမိသည်။ အထူးသဖြင့် သူမကို ကြည့်နေသည့် သူ၏ အကြည့်များဖြစ်သည်။

"အာ...၊ .ငါ အဆင်ပြေပါတယ်"

ရှလေသည် အလန့်တကြားဖြင့် ပြန်ဖြေလိုက်သည်။ ထို့နောက် သူ၏ ဘယ်ဘက်မျက်လုံးမှ ကျန့်လုရီ၏ ဝတ်လစ်စားလစ်ခန္ဓာကိုယ်သည်လည်း ပျောက်ကွယ်သွားသည်။

"လေ...နင်ဘာလို့ ဒီနေ့ ဂနာမငြိမ် ဖြစ်နေတာလဲ"

ကျန့်လုရီက ပြုံးရယ်ရင်း ပြောလိုက်သည်။

"အစ်မကြီးကို ပြောစမ်း၊ .နင် တစ်ယောက်ယောက်ကို ကြိုက်မိနေပြီလား"

ရှလေက ရယ်မောလိုက်ပြီး

"နင်က ငါ့ထက်တစ်လငယ်တာကို ဘယ်လိုလုပ်ပြီး အစ်မကြီး ဖြစ်သွားတာလဲ။ နောက်ပြီး ငါလို ဆင်းရဲတဲ့ကောင်နားကို ဘယ်ကောင်မလေးကမှ ကပ်ချင်မှာ မဟုတ်ဘူး"

"ဘာလို့ ကိုယ့်ကိုယ်ကို တန်ဖိုးနှိမ်‌နေတာလဲ။ နင်က လူကောင်းတစ်ယောက်ပါ။ ဒါကြောင့် နင့်ကို ကြိုက်မယ့် ကောင်မလေး ရှိမှာသေချာပါတယ်"

ကျန့်လုရီ ပြန်ပြောလိုက်သည်။

ရှလေပြုံးလိုက်ပြီးနောက် သူ၏အကြည့်သည် မရည်ရွယ်ဘဲ ကျန့်လုရီ၏ ခန္ဓာကိုယ်ပေါ်သို့ရောက်ရှိသွားသည်။ ဤတစ်ကြိမ်တွင်တော့ သူသည် သူမ၏ ပစ္စည်းများအားလုံးကို အနီးကပ်တွေ့မြင်လိုက်ရသည်။ သို့သော် သူ နှာခေါင်းသွေးမယိုအောင်တော့ ထိန်းချုပ်နိုင်ခဲ့သည်။ နှာခေါင်းသွေးမယိုအောင်ထိန်းချုပ်ထားနိုင်သော်လည်း သူ၏ ခြေထောက်‌နှစ်ချောင်းကိုတော့ အငယ်ကောင် ထမလာအောင် လိမ်ကျစ်လိုက်ရသည်။

ထိုစွမ်းရည်အကြောင်းကို ရှလေ အနည်းငယ် နားလည်သွားခဲ့သည်။ ထိုစွမ်းရည်၏ အဓိကသော့ချက်သည် သူ၏ ဆန္ဒ ဖြစ်ပုံရသည်။ သူတစ်ယောက်ယောက်ကို သေချာကြည့်ရှုချင်သည်နှင့် ဘယ်ဘက်မျက်လုံးသည် ထွင်းဖောက်အမြင်စွမ်းရည်ကို အသက်သွင်းနိုင်လိမ့်မည်ဖြစ်သည်။

ရှလေသည် ရေလှောင်ကန်ကို လှယ်ပေးခဲ့သည်။ ထို့နောက် စက်၏ နောက်မှ ရေလှောင်ကန်ကို ရွှေ့နေစဉ် သူ မူးဝေသလို ခံစားလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်လည်း အားနည်းနေပြီး ကြွက်သားများ နှုန်းချိကာ ခွန်အားမဲ့နေသည်။

ရှလေ၏ စိတ်ထဲ၌

'ငါ အိပ်ချင်နေတာပဲ။ ငါ နှစ်ရက်လောက် မအိပ်မစားရသလိုပဲ။ ဒါ ထွင်းဖောက်အမြင်စွမ်းရည်ကို အသုံးပြုတာနဲ့ ဆက်စပ်မှုရှိလား။ ဒီစွမ်းရည်က သုံးချင်သလိုသုံးလို့မရဘူးနဲ့တူတယ်။ ငါ တော်ရုံသင့်ရုံပဲ သုံးရမယ်'

"လေ...ဒီမှာ နင့်အတွက် သောက်စရာ"

ကျန့်လုရီသည် ပက်စီဘူးကိုကိုင်ကာ လမ်းလျှောက်လာသည်။

ရှလေ သူမကို လှည့်ကြည့်လိုက်ရာ ထူးဆန်းသော မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။ သူမသည် အနီရောင်ဘီကီနီကိုသာ ဝတ်ဆင်ထားပြီး သူ့ဆီသို့ လျှောက်လာနေသည်။ သူမသည် ရုပ်ရှင်ထဲမှ ခေါင်းဆောင်မင်းသမီးများထက် ပို၍ ဆွဲဆောင်မှုရှိ‌နေတော့သည်။

"နင်..."

ရှလေ အံ့ဩတုန်လှုပ်သွားသည်။

"ဘာဖြစ်နေတာလဲ၊ ယူလေ"

ကျန့်လုရီသည် သူမ၏ လက်ထဲမှ ပက်စီဘူးကို ရှလေအား ပေးလိုက်သည်။

ရှလေသည် ကျန့်လုရီ ၏ လက်ကို ကြည့်ကာ အံ့ဩတုန်လှုပ်နေသည်။ သူ မြင်တွေ့နေရသည်မှာ ပက်စီဘူးမဟုတ်ပေ။ ၎င်းမှာ ကွန်ဒုံး ဖြစ်သည်။

အလွန်သေးငယ်သော အနီရောင်ဘီကီနီနှင့် ရောင်စုံ ကွန်ဒုံးထုပ်တို့သည် အစစ်အမှန်မဟုတ်မှန်း သူသိ‌သော်လည်း သူ၏ မျက်လုံးထဲတွင် အစစ်အမှန်လို ဖြစ်နေသည်။ သူ၏ အ‌တွေးထဲတွင် ကျန့်လုရီသည် ကွန်ဒုံးထုပ်ကို ဖွင့်နေပြီး ညီလေးကို ညင်ညင်သာသာ စွပ်ပေးနေသည့် မြင်ကွင်းအား မြင်ယောင်လာသည်။

"လေ၊ နင်အဆင်ပြေလား၊ ဘာဖြစ်နေတာလဲ"

ကျန့်လုရီသည် သိချင်စိတ်ဖြင့် မေးလိုက်သည်။

ကျန့်လုရီ၏ အသံကြောင့် ရှလေသည် သူ၏ အတွေးအိပ်မက်ထဲမှ နိုးထလာခဲ့သည်။ သူ ခေါင်းခါယမ်းလိုက်ရာ ထိုအမြင်မှားများ ပျောက်ကွယ်သွားခဲ့သည်။ သူ အားမာန်အပြည့်ဖြင့် ခေါင်းခါယမ်းလိုက်စဉ်မှာပင် သူ၏ ဒူးမှာ ချက်ချင်းပင် ကွေးညွှတ်သွားပြီး ကျန့်လုရီ၏ ရင်ခွင်ထဲသို့ လဲပြိုကျသွားသည်။

ကျန့်လုရီ၏ ရင်ခွင်သည် အလွန်နူးညံ့သိမ်မွေ့လွန်းလှပြီး ရနံ့မှာလည်း အမျိုးသမီးရနံ့ သင်းကြိုင်နေသည်။ ရှလေသည် ပင်လယ်ကြီးတစ်ခုထဲတွင် နစ်မြုပ်နေသည်ဟု ခံစားနေရသည်။

ပိုဆိုးသည်မှာ ရှလေ၏ ဟလျက်ရှိနေသောကြောင့် သူမ၏ ရင်အုံကို ကိုက်ထားသလိုဖြစ်နေခြင်းပင် ဖြစ်သည်။ သူမ၏ နူးညံ့လှပသောမျက်နှာသည် သစ်ခွခရင်ကိတ်တစ်လုံးကဲ့သို့ ဖြူဖျော့ဖျော့ ဖြစ်သွားသည်။

ထို့နောက် ကျန့်လုရီ၏ မျက်နှာ ရှက်သွေးဖြာ သွေးနီရောင်သန်းသွားပြန်သည်။ သူမ ချက်ချင်းနောက်ဆုတ်လိုက်သော်လည်း ရှလေ၏ ခန္ဓာကိုယ် ယိမ်းယိုင်လာကာ ထိုနှုတ်ခမ်းများ၏ ခံစားချက်သည် ပိုမိုဆိုးရွားလာခဲ့သည်။

"လေ၊ နင်ဘာလုပ်တာလဲ"

ကျန့်လုရီ ပျာယာခတ်သွားပြီး သူမ၏ ခြေထောက်များ အားနည်းလာခဲ့သည်။

ရှလေ ကိုးရိုးကားရားဖြင့် ရုန်းထွက်လိုက်ပြီး

"ငါ တောင်းပန်ပါတယ်၊ ငါ တောင်းပန်ပါတယ်၊ ငါ ခလုတ်တိုက်သွားလို့"

"နင် အခွင့်အရေးယူတာမလား၊ ဟမ်၊ လေ...."

ကျန့်လုရီက မခံမရပ်နိုင်ဖြင့် ပြောလိုက်သည်။

ရှလေ ကမန်းကတန်းဖြင့် ပြောလိုက်သည်။

"မဟုတ်ဘူး...ငါ....ဒါ...ဒါ ရည်ရွယ်ပြီး လုပ်တာမဟုတ်ဘူး၊ ငါ တောင်းပန်ပါတယ်"

ယခုအခါ တကယ်ကို သေချာသွားပြီဖြစ်သည်။ ထွင်းဖောက်အမြင်ကို အလွန်အကျွံအသုံးပြုပါက ထူးထူးခြားခြား စိတ်အာရုံချောက်ချားခြင်းများ ဖြစ်ပေါ်စေနိုင်သည်။

"လေ၊ နင် ဒီနေ့ အရမ်းထူးဆန်းနေတယ်"

ကျန့်လုရီသည် ရှလေ၏ ရှင်းပြချက်ကို မကျေနပ်ခဲ့ပါ။

"လုရီ နင့်မှာ တခြားလုပ်စရာမရှိဘူးဆိုရင် ငါသွားတော့မယ်။ အဲ... နောက်တစ်ခါ ရေလှောင်ကန်ကို လှယ်ဖို့ အကူအညီ လိုရင်လည်း ငါ့ကို ခေါ်လိုက်ပေါ့"

ရှလေ ဆက်မနေရဲတော့ဘဲ လှည့်ထွက်လာခဲ့သည်။

"လေ၊ ကျေးဇူးပဲနော်"

ကျန့်လုရီက လှမ်းပြောလိုက်သည်။

ရှလေက ပြန်ပြုံးပြကာ

"ရပါတယ်၊ မလိုပါဘူး၊ ငါတို့က လူစိမ်းတွေမှ မဟုတ်တာ"

ကျန့်လုရီ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး

"နင် ပုံမှန်အလုပ်တစ်ခု လုပ်ဖို့ ငါ အရင်ကတည်းက ပြောဖူးတယ်နော်။ အခု ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲကို နောက်ထပ်မသွား‌တော့နဲ့။ အဲ့ဒါတွေက ရေရှည်အလုပ်မဟုတ်ဘူး"

ရှလေသည် ခါးသက်စွာပြုံးပြရင်း ခေါင်းညိတ်ပြခဲ့ပြီးနောက် လှည့်ထွက်လာခဲ့လိုက်သည်။

...ဘယ်လိုလူက ကောင်းမွန်တဲ့ဘဝကို မလိုချင်ဘဲ နေမှာလဲ...

ဇိမ်ကျတဲ့ အိမ်ကြီးတစ်လုံးတွင် နေထိုင်ခြင်း၊ ကား အကောင်းစားကြီး စီးခြင်း၊ ခေါင်းမော့ကာ လက်မထောင် လမ်းလျှောက်နိုင်ခြင်း၊ လူတိုင်းက လေးစားအားကျခြင်း စသည့် အရာတို့သည် ငွေရှိမှသာ ဖြစ်နိုင်ပေသည်။ ရှလေကမူ အလွန်ပင် ဆင်းရဲ မွဲတေလွန်းလှသည်။

"ချန်ချွမ်းဟူက ဆေးကုသစရိတ် တစ်သောင်းပေးထားပေမယ့် ငါစောစောဆင်းလာတော့ ငါ့မှာ ကိုးထောင် ကျန်နေသေးတယ်။ ဒီပိုက်ဆံက ငါ့ညီမရဲ့ ကျောင်းလခအတွက် လုံလောက်‌ပေမယ့် အဆောင်ခနဲ့ အသုံးစရိတ်အတွက် လိုအပ်ဦးမှာပဲ။ အသုံးစရိတ်က စားသောက်တာလည်းပါတော့ နည်းမှာမဟုတ်ဘူး။ ဆိုတော့ သူ့အတွက် ငါ့မှာ အနည်းဆုံး ငွေနှစ်သောင်းရှိဖို့ လိုလိမ့်မယ်။ ငါ တစ်သောင်းတစ်ထောင်လောက် လိုသေးတယ်။ ငါ ဘာလုပ်ရမလဲ"

ငွေရေးကြေးရေးအကြောင်း စဉ်းစားလိုက်သည့်အခါ ရှလေ ခေါင်းကိုက်လာသည်။

ရှလေသည် စဉ်းစားတွေးတောရင် ရပ်ကွက်ထဲ လမ်းလျှောက်ထွက်လာခဲ့သည်။

ဟိုင်ကျူးမြို့၏ လမ်းများပေါ်တွင် ကားများရှုပ်ယှက်ခတ်‌နေပြီး နေရောင်ခြည်သည် သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေသည်။

"အဲ...၊ အခု ငါ့မှာ ထွင်းဖောက်အမြင်ရှိတာပဲ၊ ငါ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်ဖို့ လိုသေးလို့လား၊ ငွေရှာဖို့အတွက် ငါ့ရဲ့ စွမ်းရည်ကို ဘာလို့ အသုံးမချဘဲနေရမှာလဲ၊ ညီမလေးနဲ့ ငါ့အတွက် ပိုကောင်းတဲ့ ဘဝတွေကို ပိုင်ဆိုင်နိုင်အောင် ငါ လုပ်ရမယ်"

ထိုအတွေးဖြင့် ရှလေသည် မကာအိုကို ဦးတည်သည့် ဟိုင်ကျူး မြို့၏ တောင်ဘက်အဆုံးကို ကြည့်လိုက်ပြီး သူ၏ စိတ်ထဲတွင် ရဲရင့်ပြတ်သားသော ဆုံးဖြတ်ချက်ဖြင့် အစီအစဉ်တစ်ခုကို ချမှတ်လိုက်သည်။

More Chapters